လောက်ကိုင်မြို့တွင် စစ်ဘေးရှောင်ကားတစ်စီးကို ဒုံးကျည်ထိမှန်ကာ လူထိခိုက်သေဆုံးမှုရှိခဲ့ပြီး တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ဟု MNDAA ပြန်ကြားရေး တာဝန်ခံပြောကြားသည်ဟု လုပ်ကြံသတင်းတစ်ခုအား ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောက်ကိုင်မြို့တွင် စစ်ဘေးရှောင်ကားတစ်စီးကို ဒုံးကျည်ထိမှန်ကာ လူထိခိုက်သေဆုံးမှုရှိခဲ့ပြီး တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ဟု MNDAA ပြန်ကြားရေး တာဝန်ခံပြောကြားသည်ဟု လုပ်ကြံသတင်းတစ်ခုအား ရေးသားဖြန့်ဝေလျက်ရှိ


MNP ၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများတွင် MNDAA ၊ TNLAနှင့် AA  လက်နက်ကိုင် သောင်းကျန်းသူများသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုကြောင့် မြို့နယ်အချို့ တွင် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေကြလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် လောက်ကိုင်မြို့အနီး၊ တုံချိန်အရပ်တွင် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား လက်နက်ကြီး ကျည်ထိမှန်ပြီး ကားပေါ်တွင် ပါလာသည့်သူများထိခိုက် သေဆုံးမှုရှိကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။ အဆိုပါ ပစ်ခတ်မှုသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက ပြောကြားသည်ဆိုသည့် သတင်းအား လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသား ဖြန့်ဝေမှုအား တွေ့ရှိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်အား လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များက ပစ်ခတ် ခြင်းမရှိကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများက တပ်မတော်စခန်းတစ်ခုအား ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်ဆန်သည် စစ်ဘေး‌ရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား ထိမှန်ပျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူအချို့နှင့် အခြားသတင်း အရင်းအမြစ်များအရ  သိရှိရပြီး အကြမ်းသမားများအနေဖြင့် ဒေသအတွင်း မတည်မငြိမ် ဖြစ်စေရန်၊ ဒေသခံ တိုင်းရင်းသားများအား အကြောက်တရားဖြင့် ၎င်းတို့အား ထောက်ခံ အားပေးလာစေရန်နှင့် တပ်မတော်အပေါ်  အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်၍ လုပ်ကြံသတင်း ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)