NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ တစ်နိုင်ငံလုံးမှာ အဖျက်လုပ်ငန်းများ၊ ကောလာဟလသတင်းများ ထုတ်လွှင့်ပြီး ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ တစ်နိုင်ငံလုံးမှာ အဖျက်လုပ်ငန်းများ၊ ကောလာဟလသတင်းများ ထုတ်လွှင့်ပြီး ဆောင်ရွက်နေ

 


MNP ၊ နိုဝင်ဘာ ၂၅

NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ အချိန်ကောင်းအခါကောင်းဆိုပြီး တစ်နိုင်ငံလုံးမှာ နေရာအနှံ့အပြားလောက်နီးပါးမှာ အဖျက်လုပ်ငန်းများ၊ ကောလာဟလသတင်းများ ထုတ်လွှင့်ပြီး ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြည်သူလူထုကို အသိပေး ပြောကြားထာသည်။

ယမန်နေ့က ထိတွေ့မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ထုတ်ပြန်ပြောကြားရာတွင် "စစ်ကိုင်းတိုင်းဘက်မှာတော့ ဗောဓိတစ်ထောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ရန်သူ့ဆီက အလောင်းလက်နက်များစွာ ရရှိခဲ့ပါတယ်။ ရေဦး၊ အောင်သာယာဘက်မှာလည်း ပြည်သူ့စစ်အဖွဲ့ဝင်များနဲ့ PDF အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ အဲဒီမှာလည်း ရန်သူအကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားရတာရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ဒီမနက်မှ ထီးထစခန်းကို အင်အားအလုံးအရင်းသုံးပြီး KNU ၊ PDF အဖွဲ့အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတာ ရှိပါတယ်။ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ ထရွှန်အိုင်စခန်းကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ ပြန်လည်ဆုတ်ခွာသွားတာရှိပါတယ်။" ဟု ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဒီနေရာမှာ NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ အချိန်ကောင်းအခါကောင်းဆိုပြီး တစ်နိုင်ငံလုံးမှာ နေရာအနှံ့အပြားလောက်နီးပါးမှာ အဖျက်လုပ်ငန်းများ၊ ကောလာဟလသတင်းများ ထုတ်လွှင့်ပြီး ဆောင်ရွက်နေတာရှိပါတယ်။ အဖျက်လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာရှိပါတယ်။ ကောလာဟလမျိုးစုံ ထုတ်လွှင့်နေတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ ဒီအဖျက်သမားများရဲ့လုပ်ရပ်တိုင်း ပြည်ဖျက်မည့်မီဒီယာများနဲ့ ပတ်သက်ပြီး သတိရှိဖို့အရေးကြီးပါတယ်။ ပြီးရင် ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အထင်အမြင်လွဲမှားစေရေးအတွက် ဦးတည်ပြီး တိုက်ခိုက်နေတာမျိုးတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုအားလုံးက သတိရှိကြဖို့ အရေးကြီးကြောင်း ပြောလိုပါတယ်။" ဟု ရှင်းလင်းပြောဆိုခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)