MNP ၊ နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ် ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူများကို PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ် ကမ်းဘေးရှိ ဒေသခံပြည်သူများ အလုပ်လုပ် ကိုင်နေသည့် သဲကွင်းနေရာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အမြင့်မီတာ ၅၀၀ ခန့်အကွာမှ Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် အေးချမ်း စွာ အလုပ်လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ဒေသခံ ပြည်သူအမျိုးသား ၄ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ပေါင်း ၆ ဦး တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ဝေါမြို့နယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား သေဆုံး၊ ဒဏ်ရာရရှိ အောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment