PDF အမည်ခံအကြမ်းဖက်သမားများက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အတွင်း လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

PDF အမည်ခံအကြမ်းဖက်သမားများက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အတွင်း လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

Depalyin01


MNP ၊ နိုဝင်ဘာ ၈

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးစထိမှန်ဒဏ်ရာ ရရှိထားသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့နေ ဦးအောင်စိုး(၄၂)နှစ်တွင် နဖူးဗုံးသီးစထိမှန်ဒဏ်ရာတစ်ချက် ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နံနက် ၄ နာရီတွင် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Pages