တပ်မတော် (လေ)မှ ၎င်းတို့အား ဗုံး(၄၅)လုံးထက်မနည်း ကျဲချသွားခဲ့ကြောင်း TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ က ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော် (လေ)မှ ၎င်းတို့အား ဗုံး(၄၅)လုံးထက်မနည်း ကျဲချသွားခဲ့ကြောင်း TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ က ထုတ်ပြန်


MNP ၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်(မြောက်ပိုင်း)တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ယနေ့ နံနက်တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် တပ်မတော်(လေ) ထောက်ပိုယဉ် Y-12 ဖြင့် တိုက်ပွဲဖြစ်ပွားရာ လားရှိုးမြိုနယ် မိုင်းကျက်တပ်စခန်းဘက်တွင် ဗုံး(၄၅)လုံး ထက်မနည်း ကြဲချခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ ထုတ်ပြန်ချက်အရ -

တပ်မဟာ(၂)စစ်ဒေသ၊ သီပေါမြို့နယ် ကျင်တီတံတားတွင် တပ်မတော်နှင့် TNLA အကြမ်းဖက်အုပ်စုတို့ ယနေ့ နံနက် (၆း၃၀)နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊  နမ့်ခမ်းမြို့ စခန်းသစ်ကုန်းတွင် တပ်မတော်နှင့် TNLA အကြမ်းဖက်အုပ်စုတို့ ယနေ့ နံနက် (၈း၄၀)နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လားရှိးမြို့နယ် တပ်မတော် မိုင်းကျက်တပ်စခန်းအား ယမန်နေ့ နံနက် (၆း၄၅)နာရီ အချိန်တွင် TNLA အကြမ်းဖက်အုပ်စုက တိုက်ခိုက်ခဲ့ပြီး တပ်မတော်(လေ)မှ ညပိုင်းအထိ Jet Fighter ဖြင့် (၈)ကြိမ် ၎င်းတို့အား လာရောက်နှိမ်နင်းသွားကြောင်း TNLA အကြမ်းဖက်အုပ်စု ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)