MNP ၊ဒီဇင်ဘာ ၁၃
မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာအသင်း(ရန်ကုန်)မှဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေး( Belt & Road) ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဆီမီးတစ်သောင်းထွန်းညှိပူဇော်ဆုတောင်းခြင်းနှင့် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းကပ်၊ တရားတော်နာယူပွဲများကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေး(Belt & Road) ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့်ပတ်သက်သည့် မီဒီယာရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီက ရန်ကုန်မြို့ Wyndham Hotel ၌ကျင်းပရာ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမူအသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူ၊ မြန်မာနိုင်ငံ(YMBA)ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌဦးရဲထွန်း၊ အလင်္ကာကျော်စွာထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုး၊ အပြည်ပြည်ဆိုင်ရာ B&R ဥက္ကဋ္ဌ Mr. Chen Entian နှင့် တာဝန်ရှိသူများတက်ရောက်၌ ကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့တွင် လှုပ်ရှားမှုများဆက်တိုက်ကျင်းပရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိလူမှုအဖွဲ့အစည်းများ၏ အပြုသဘောဆောင်သောတုံ့ပြန်မှုနှင့် ပံ့ပိုးကူညီမှုများကိုဖော်ပြလျက်ရှိရာ Belt and Road Initiative တစ်လျှောက်ရှိ အခြားနိုင်ငံများသည် Belt and Road တွင် အရပ်ဘက်အဖွဲ့များပူးပေါင်းဆောင်ရွက်မှုများခိုင်မာစေရန်အတွက် ပြည်သူအချင်းချင်းဆက်ဆံမှုမြှင့်တင်ရေးနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဆက်လက်တည်တံ့စေရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment