မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ



MNP ၊ ဒီဇင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သီလင်း‌ကျေးရွာအုပ်စု၊ ခန္တီးလေးကျေးရွာ  တောင်သူဦးမြင့်ထူး၏ ကွင်းအမှတ်(၄၅၆)၊ ဦးပိုင်အမှတ်(၄၈)၊ ရွှေနန်းတော်မျိုးစေ့ထုတ်စိုက်ခင်း မနောသုခ(၂.၀၀ )ဧက စိုက်ကွက်တွင် (ဝ.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် ကျောက်ဆည်ခရိုင်၊ စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးချစ်ဆွေဦးနှင့် ခရိုင်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးခိုင်နှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

စံကွက်ရိတ်သိမ်းပွဲတွင် မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်ငြိမ်းက ယခုကဲ့သို့ စပါးစံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ရခြင်းသည် စပါးတစ်ဧကအထွက်နှုန်း မိတ်ဖက်များဖြစ်သည့်   တစ်ဧကဝင်ဆံ့ ကောက်ကွက်အရေအတွက်၊ အနှံပါပင်ပွားအရေအတွက်၊ တစ်နှံပါအောင်စေ့အရေအတွက် စသည့်တို့ကို သိရှိခြင်းအားဖြင့် နောင်စပါးစိုက်ရာသီတွင် အားနည်းချက်၊ အားသာချက်များများကိုသုံးသပ်ကာ စပါးအထွက်နှုန်းတိုးရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဧကကောက်ကွက်ဝင်ဆံ့မှုနည်းလျှင် ကောက်ကွက်ပြည့်မီအောင် အတန်းလိုက် စနစ်တကျစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ အနှံပါပင်ပွားအရေအတွက်နည်းလျှင်   သဘာဝမြေသြဇာတွဲဖက်သုံးစွဲရမည်ဖြစ်ကြောင်း၊ တစ်နှံပါအောင်စေ့နည်းလျှင် ပိုတက်(ရှ်)ဓာတ်မြေသြဇာကို  တွဲဖက်သုံးစွဲရမည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တောင်သူ(၅၀)ဦး စုစုပေါင်း (၈၃)ဦး တက်ရောက်ခဲ့ကာ မနောသုခစပါးမျိုးတွင် တစ်ဧကအထွက်နှုန်း (အစို) (၁၃၂.၅၀)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။


သီတာအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)