တူရကီမြေပေါ်တွင် ဟားမတ်စ်အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းမပြုရန် တူရကီထောက်လှမ်းရေးက အစ္စရေးကို သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တူရကီမြေပေါ်တွင် ဟားမတ်စ်အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းမပြုရန် တူရကီထောက်လှမ်းရေးက အစ္စရေးကို သတိပေး


အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၈

ပါလက်စတိုင်း အစွန်းရောက် လှုပ်ရှားမှု ဟားမတ်စ် အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း အပါအဝင် ၎င်း၏ မြေပေါ်တွင် မဟာမိတ်များအား အစ္စေရေးအနေဖြင့် အထူးစစ်ဆင်ရေး ပြုလုပ်ခွင့် မပြုကြောင်း တူရကီ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (MIT) က ပြောကြားခဲ့သည်ဟုတူရကီ သတင်းစာ Hurriyet က ဖော်ပြသည်။

MIT သည် တူရကီနိုင်ငံအား လုံခြုံရေးခြိမ်းခြောက်မှုအားလုံးကို အချိန်နှင့်တပြေးညီ အကာအကွယ်ပေးနိုင်ရန် အလားအလာရှိရှိ ၎င်းတို့၏နည်းပညာများကို အပြည့်အဝအသုံးပြုခဲ့သည်ဟု အဆိုပါသတင်းစာက ရေးသားခဲ့ပြီး တူရကီသမ္မတ အာဒိုဂန် မှ အစ္စရေးအား သတိပေးသည့် မှတ်ချက်တစ်ခုအပေါ် ဖော်ပြသွားခဲ့သည်။ တူရကီမြေပေါ်ရှိ ဟားမတ်စ်အဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်ခြင်းသည် အကျိုးဆက်များ ရှိလာလိမ့်မည်ဟု ပြောဆိုခဲ့သည်။

MIT သည် တူရကီမြေပေါ်တွင် ဟားမတ်စ်အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးရန် အလားအလာရှိသော စစ်ဆင်ရေး၏ ကြီးမားသောအကျိုးဆက်များနှင့် ပတ်သက်၍ သတိပေးထားကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။ 

တူရကီနှင့် ကာတာတို့အပါအဝင် ပါလက်စတိုင်းအပြင်ဘက်တွင် ဟားမတ်စ်ခေါင်းဆောင်များကို လုပ်ကြံရန် အစ္စရေးက စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။


Ref - Tass

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)