မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား


MNP ၊ ဒီဇင်ဘာ ၁၁

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပ္ပားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများစတင်ချိန်တွင် ဒေသခံရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်း‌ကျောင်းပညာသင်ကြားရေး အစီအစဉ်များကို စတင်ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြုကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် စိတ်ဝင်စားမှုအဆိုပြုလွှာကြေညာ ဖိတ်ခေါ်ခဲ့ပြီးဖြစ်၍ အဆိုပြုလွှာတင်သွင်းလာသည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်သည့်လုပ်ငန်းစဉ်များ မကြာမီဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက်လည်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးကော်မတီအနေဖြင့်လည်း သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးစီးပွားရေးဇုန်များအနေဖြင့် ဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများနှင့် ဇုန်ပြင်ပရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)