ဆေးခန်းကြီးကြပ်ရေးကော်မတီအဖွဲ့၏ ပထမအကြိမ်မြောက် အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆေးခန်းကြီးကြပ်ရေးကော်မတီအဖွဲ့၏ ပထမအကြိမ်မြောက် အစည်းအဝေး ကျင်းပ


MNP ၊ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မြို့မ(၁)ရပ်ကွက်၊ ကျောင်းတောင်ရပ် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် အပတ်စဉ် စနေနေ့တိုင်း ဆေးခန်းဖွင့်လှစ်၍ အဘိုး/အဘွား များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေး ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာကိစ္စရပ်များ စနစ်တကျဖြစ်စေ ရန်အတွက် ဆေးခန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်ဆေးခန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။ “ချမ်းမြေ့မေတ္တာဆေးခန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း က မတည်လှူဒါန်းဖွင့်လှစ်ခဲ့ပြီး  ဒီဇင်ဘာ (၉) ရက် စနေနေ့တွင် (၈)ပတ်မြောက် ရှိပြီဖြစ်ကြောင်း၊ ယခုအခါ လှူဒါန်းသူများ ရှိလာပြီး ဆေးခန်းတွင် ဘိုးဘွားများ သွားရေးလာရေး ခက်ခဲမှု၊ ဆေးဝါးကုန်ကျစရိတ် ခက်ခဲမှုများ သက်သာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် အလှူရှင်များ လိုအပ်လျက်ရှိပြီး လိုအပ်သည်များကို လာရောက်လှူဒါန်းနိုင်ပါကြောင်း” မြို့နယ် ဆေးခန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် ဦးလှထွန်းထံမှ သိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)