ကန့်ဘလူမြို့၌ မြို့နယ်အဆင့် ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ မြို့နယ်အဆင့် ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ပွဲ ကျင်းပ

 



MNP ၊ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံဘက်စုံထူးချွန်(လူရည်ချွန်) ကျောင်းသားကျောင်းသူများ ရွေးချယ်ရေးအစီအစဉ် စာမေးပွဲဖြေဆိုစစ် ဆေးခြင်းကို အ-ထ-က( ၁)(ကန့်ဘလူ)၌ ဒီဇင်ဘာ ၅/၆/၈ ရက်နေ့ များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ရေးစာမေးပွဲကို ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade- 9 ကျောင်းသား၊ကျောင်းသူ ၁၅ ဦး၊ Grade- 10 ကျောင်းသား၊ ကျောင်းသူ ၈ ဦး၊ Grade- 11 ကျောင်းသားကျောင်းသူ ၁၀ ဦး၊ Grade- 12 ကျောင်းသားကျောင်းသူ ၈ ဦး စုစုပေါင်း ၄၁ ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။

ထိုသို့ဖြေဆိုရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု စသည့် ဘာသာရပ်များကို စစ်ဆေးအမှတ်ပေးအကဲဖြတ်၍ မြို့နယ်အဆင့်အောင်မြင်ပါက ခရိုင်အဆင့်ထပ်မံယှဉ်ပြိုင်ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် ယင်းဘက်စုံ ထူးချွန်(လူရည်ချွန်) ရွေးချယ်ရေးလုပ်ငန်းများကို မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းကျော်၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများပါဝင်သော အဖွဲ့များဖြင့် စနစ်တကျစစ်ဆေးရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)