လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ရရှိသည့် ပျားရည်နှင့် ပျားသလက်များရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ရရှိသည့် ပျားရည်နှင့် ပျားသလက်များရောင်းချ


MNP ၊ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အနီးပတ်ဝန်းကျင်တွင် ရရှိသည့် ပျားသလက်များကို လားရှိုးမြို့ဈေးများတွင် ရောင်းချကြကြောင်း သိရသည်။ ပျားသလက်ရောင်းဈေးမှာ လက်ဖက်ရည်ခွက်တစ်ခွက်လျှင် နှစ်ထောင်ကျပ်ဈေးရှိပြီး ပျားရည် တစ်ထုပ်လျှင် တစ်သောင်းနှစ်ထောင် ကျပ်ဈေးဖြင့် ရောင်းချကြကြောင်း သိရသည်။

လားရှိုးမြို့အနီး ပတ်ဝန်းကျင်ရှိ တောတောင်များမှ ပျားအုံများကို ဒေသခံများက ရယူကာ လားရှိုးမြို့ပေါ်ရှိ မြို့မဈေးကြီး၊ အောင်မင်္ဂလာဈေး ၊ မန်ဆူဈေး၊ လားရှိုးကြီးဈေးတို့တွင် ရောင်းချလေ့ရှိကြပြီး ပျားရည်စစ်စစ်ဖြင့် ဆေးဖော်လိုသူများ၊ ပျားသလက်ကို စားသုံးလိုသူများက ဝယ်ယူလေ့ ရှိကြကြောင်း သိရသည်။


စိုင်းထွန်း(လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)