စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဌာနနှင့်ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဌာနနှင့်ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်

 

039

MNP ၊ ဒီဇင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ၁၈-၁၂-၂၀၂၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးနှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဌာနနှင့်ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်ရန်၊ ဈေးကွက်လိုအပ်ချက် ထုတ်လုပ်မှု ဟန်ချက်ညီဖြစ်စေရေး၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု၊ တန်ဖိုးမြှင့် ကုန်ချောများ အားကောင်းလာစေရန်၊ အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်းမွန် သော မွေးမြူရေးကျင့်စဉ် (GAHP) နှင့်အညီ မွေးမြူထုတ်လုပ်သော ဈေးကွက်စံချိန်စံညွှန်းမီ ထုတ်ကုန်များ တိုးတက်ထုတ်လုပ် ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။


တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ မွေးမြူရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages