MNP ၊ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ (၁)ရပ်ကွက် သင်္ဘောဦးရပ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ပါဝါဘန့်အားသွင်းထားရာမှ အပူလွန်ပြီး နေအိမ် (၄)လုံး မီးလောင်ဆုံးရှူံးသွားခဲ့ရာ ယမန်နေ့က မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများက အိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေကျပ် (၂၇၀၇၂၆) ကိုလည်ကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၇၈၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၈၃၇၈၀၀) ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သားငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment