မိုင်းကိုင်မြို့နယ်၌ ပြည်သူ့ဆေးရုံသုံးပစ္စည်းနှင့် အခြေခံပညာအထက်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ ပြည်သူ့ဆေးရုံသုံးပစ္စည်းနှင့် အခြေခံပညာအထက်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ






 


MNP ၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများနှင့် အခြေခံပညာအထက်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို  ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက် (ကိုယ်စား) တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်ကိုယ်စား မြို့မိမြို့ဖဦးစိုင်းလုံက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ မြို့နယ်ပြည်သူ့ဆေးရုံအတွက် Laptop ကွန်ပျူတာ(၂)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Colour Printer (၁)လုံး ၊ Yamasu Dual Head Stethoscope (၁၀၀)ခု၊ Yamasu Aneriod Sphymomanometer (B.P Cuff ဒိုင်ခွက်) (၅၀) ခု၊ Sphymomanometer (B.P Cuff တိုင်ထောင်) (၅၀)ခုတို့ကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းအဖြစ် ဘင်ခရာနှင့် ဆက်စပ်တူရိယာပစ္စည်းများကိုလည်းကောင်း အလှူရှင်  ဦးအိုက်ထွန်း ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်(ကိုယ်စား) တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်း၊ ကျောင်းအုပ်ဆရာမကြီး  ဒေါ်နန်းခင်မြင့်သန်းနှင့် ကျောင်းကော်မတီများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် လှူဒါန်းပစ္စည်းများ လက်ခံရရှိခြင်းအတွက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


ချော(မိုင်းကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)