ရွှေတောင်မြို့နယ်တွင် အမက ကမ်းနားကျောင်း၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အမက ကမ်းနားကျောင်း၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

 






MNP ၊ ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက် ၊ကမ်းနားအခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်း၍ မျိုးဆက်သစ် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် စာဖတ်ရှိန်မြင့်တင်ရေး အတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့သည်။

ရှေးဦးစွာ ကမ်းနား အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသက်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံ ရေး အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့် က စားသုံးသူ နှင့်ပတ်သက်သော စားသုံးသူ၏ အခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား (၈)ချက်၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား အားကစား မြန်မာ့သိုင်း ( ၆၃) ကွက်အား လက်တွေ့သရုပ်ပြသပေးခြင်း၊လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ နှင့် ရှေးဦးအရွယ် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "မိအေးချက်သည့် ဟင်းတစ်ခွက်"စက္ကူ ပြဇာတ် ပုံပြင်ကိုကျောင်းသား/ ကျောင်းသူ လေးများအားပြောပြပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ရးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များဖြင့် စာဖတ်စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)