ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ ဆက်လက် စစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ ဆက်လက် စစ်ဆေးခြင်းများဆောင်ရွက်






MNP  ၊  ဒီဇင်ဘာ   ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ၊အသိ ပ ညာ ဗဟုသုတ မြင့်မားတိုးတက်စေရန် ၊ လူငယ် လူရွယ်များ အာရုံစူးစိုက်လေ့လာမှု နှင့် ဉာဏ်ရည် ၊ ဉာဏ်သွေး ထက်မြက် လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ အဖြစ် စစ်ဆေးခြင်းများဆက်လက်ဆောင်ရွက်ခြင်းကို   ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက် တန်း ကျောင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။

မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ် အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ဆက်လက်စစ်ဆေးရာ ယနေ့ နံနက်ပိုင်းတွင် ဗဟုသုတဘာသာရပ်အား ဖြေဆိုကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  Grade-9 မှ Grade 12 အထိ ဖြေဆိုရန် စာရင်းရှိ ၂၂ ဦး ၊ ဖြေဆိုသူ ၁၄ ဦးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ  ဖြေဆိုရန်ပျက်ကွက်သူ ၈ ဦးပြီး နေ့ လယ် ပိုင်း တွင် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ  မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို  ဒီဇင်ဘာ ၅ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ စစ်ဆေးခြင်း ၊ဒီဇင်ဘာ ၆ ရက်နေ့တွင်  အထွေထွေ ဗဟုသုတ နှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ၊ ဒီဇင်ဘာ  ၈ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု နှင့် ယုံကြည်မှုစစ်ဆေးခြင်း များကို ပြု လုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင် သူ များ အနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)