MNP ၊ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂) နာရီက ပန်စွဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်သည်။
ဟောပြောပွဲတွင် မိုင်းရှူးမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးမိုးလွင်က မူးယစ်ဆေးဝါးသမိုင်းအကြောင်း၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ ရည်မှန်းချက်တာဝန်များ၊ ချမှတ်ထားသည့် မဟာဗျူဟာများနှင့် အဓိက ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ မူးယစ်ဆေးဝါးများနှင့် ပတ်သက်သည့် ထိန်းချုပ်ဓာတုပစ္စည်းနှင့် ဆေးဝါးများ၊ ဆိုးကျိုးအန္တရာယ်များ၊ ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ သရုပ်ဖော်ပုံများဖြင့် ရှင်းလင်းဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျေးရွာနေပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment