"ရွှေတောင် ဘိုးဘွား ရိပ်သာ " တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ပြည်)၊ အမှတ် ( ၆) တပ်မတော်ဆေးရုံ ( ခုတင်- ၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"ရွှေတောင် ဘိုးဘွား ရိပ်သာ " တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ပြည်)၊ အမှတ် ( ၆) တပ်မတော်ဆေးရုံ ( ခုတင်- ၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်



MNP ၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာ အုပ်စု ၊ကြို့ကုန်းကျေးရွာ "ရွှေတောင်ဘိုးဘွားရိပ်သာ " တွင် ယနေ့နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ပြည်)၊အမှတ်(၆) တပ်မတော်ဆေးရုံ  ( ခုတင်- ၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ နယ်လှည့်ဆေးကုသရာသို့  ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင် ၊ဇနီး ဒေါ်အေးပပလင်း နှင့် တပ်မတော် ဆေးရုံ ( ခုတင်- ၁၀၀)ရှိ  အရာရှိစစ်သည်များ၊ အထူးကုသမားတော်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်ခဲ့ပြီး ဒေသကွပ်ကဲရေးမှူးမှ ဘိုး/ ဘွားများအားကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတို့အား  ကြည့်ရှုအားပေးခဲ့ပြီး ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ ဇနီးဒေါ်အေးပပလင်း မိသားစုမှ အလှူငွေ ( ၂၈၅၀၀၀ိ/-) ကျပ် ၊ကြက်ဥ ( ၁၇၀) လုံး၊ အချိုရည် ( ၁၇) ဘူး၊နို့မှုန့် ( ၁၇)  ထုပ် ၊ ဘီစကွတ်မုန့်( ၁၇)  ထုပ်တို့အားလှူဒါန်းခဲ့သည်။

ထို့နောက် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များက ဘိုးဘွားများ နေ့လယ်

(၁)နှပ်စာ( ၇၀၀၀၀ိ/-)ကျပ် နှင့်ငွေပဒေသာပင်  (၃၀၀၀၀ိ/-) ကျပ် စုစုပေါင်း ( ၁၀၀၀၀၀ိ/-)၊ ဗိုလ်မှူးသက်ဦးအောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်- (၁) မှ ဘိုးဘွားများ အတွက် အလှူငွေ ( ၂၂၀၀၀၀ိ/-) ကျပ် ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသကွပ်ကဲရေးမှူးမှ"ရွှေတောင် ဘိုးဘွား ရိပ်သာ " ရှိ ဘိုးဘွားများ ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် အခြားလိုအပ်သည်များ အားကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)