မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့မြို့နယ်အတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများအား မြေလပ်မရှိစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးစားပေးဆောင်ရွက်ကြရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့မြို့နယ်အတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများအား မြေလပ်မရှိစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးစားပေးဆောင်ရွက်ကြရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မှာကြား




MNP ၊ ဒီဇင်ဘာ  ၈     

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့မြို့နယ်အတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများအား မြေလပ်မရှိစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးစားပေးဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားသွားသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် လစဉ်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရခြင်းသည် မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပြီး မြို့နယ်အလိုက် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း၊ လာမည့်နွေစပါးရာသီအမီ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး မြို့နယ်အလိုက် ဝယ်ယူလိုသည့် အရေအတွက်အား ကြိုတင်စာရင်း ပေးထားရန်ဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့မြို့နယ်အတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများအား မြေလပ်မရှိစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးစားပေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မြစ်မခမြစ်နှင့် ဆက်စပ်လျက်ရှိသော မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင် အထူးဟင်းသီးဟင်းရွက်ဇုံ တစ်ခုဖြစ်ဖော်ဆောင်နိုင်ရေး စတင်ဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လမ်းနှင့် ဈေးကွက်ရရှိနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းချိတ်ဆက် ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာတွင်းလမ်းများတွင် အရိပ်ရသည့်သီးပင်/စားပင်များ စိုက်ပျိုးသည့် အလေ့အဓကောင်းများ ပြန်လည်ဖော်ထုတ်ပေးသွားရမှာ ဖြစ်ကြောင်း၊ သစ်တောသစ်မာ စိုက်ခင်းများတွင် ရိုဘက်စတာကော်ဖီ ရောနှောစိုက်ပျိုးနိုင်ရေးအတွက် ယခုအချိန်ကတည်းက သစ်တောဦးစီးဌာနပျိုးခြံများတွင် ကော်ဖီပျိုးပင်များ စတင်ပျိုးထောင်သွားရမှာကြောင်း၊ ဘေးကင်းလုံခြုံသည့် ငါးရိက္ခာဖူလုံမှုရှိစေရေးနှင့် သဘာဝငါးသယံဇာပြုန်းတီးမှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် MSMEs လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် အရည်အသွေးရှိပြီး ထုတ်ကုန်အမယ်သစ်များရရှိနိုင်ရေး အသက်မွေးပညာသင်တန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိရေးနှင့် အခွန်ပုန်း/အခွန်ရှောင်များကိုလည်း ဖော်ထုတ်အရေးယူသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအချက်အလက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြသည်။         


ယင်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ ကဏ္ဍတစ်ခုချင်းအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကဏ္ဍအလိုက် အသေးစိတ်ပြန်လည် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)