မိုးကုတ်မြို့နယ်၊ အ.ထ.က (ကျပ်ပြင်)ကျောင်းတွင် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်၊ အ.ထ.က (ကျပ်ပြင်)ကျောင်းတွင် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

 



MNP ၊ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကျပ်ပြင်)၌ ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေး ဟောပြောပွဲအား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင်  ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအခြေခံသဘောတရားများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးဆောင်၍ ကြက်ခြေနီနည်းပြဆရာ/ဆရာမများ လူငယ်ကြက်ခြေနီကော်မတီဝင်များက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိတ်မိခြင်း၊ မူးမေ့ခြင်း၊ ပတ္တီးစီးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်အသိပညာပေးဟောပြောသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ သိရသည်။

ကြည်ကြည်နွဲ့ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)