တောင်တွင်းကြီးမြို့နယ်တွင် ပေလေးပင်ဓမ္မာရုံနှင့် ကျောက်စာတိုင် ပြုပြင်မွမ်းမံတည်ဆောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် ပေလေးပင်ဓမ္မာရုံနှင့် ကျောက်စာတိုင် ပြုပြင်မွမ်းမံတည်ဆောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းဆောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ပေလေးပင်ဓမ္မာရုံနှင့် ကျောက်စာတိုင် ပြုပြင်မွမ်းမံတည်ဆောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ရွှေအင်းတောင်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပေလေးပင်ရှင်လေးပါးဓမ္မာရုံနှင့် ကျောက်စာတိုင် ပြုပြင်မွမ်းမံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေလေးပင်ရှင်လေးပါးပြခန်းရှိ ရှင်လေးပါးရုပ်တုတော်များနှင့် ထေရုပ္ပတ္တိအကျဉ်းချုပ် ကျောက်စာများအား လှည့်လည်ကြည့်ရှု့ခဲ့သည်။

ဆက်လက်၍ အစည်းအဝေးကိုကျင်းပရာ ပေလေးပင်ရှင်လေးပါးဓမ္မာရုံနှင့် ကျောက်စာတိုင် ပြုပြင်မွမ်းမံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ပေလေးပင်ဓမ္မာရုံနှင့် စာဆိုပညာရှင် ဆရာတော်ကြီးလေးပါးတို့၏ ရုပ်ထုပုံတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ခေတ်ကာလအလျောက် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါဖြစ်စေရေး ကော်မတီများ၊ ဆပ်ကော်မတီများဖွဲ့စည်းကာ ၂၀၂၃ နှစ်ဆန်းမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၏ ၉၅% ပြီးစီးပြီဖြစ်၍ အပြီးသတ်ဆောင်ရွက်ရန်ကျန်သော ကိစ္စရပ်များ၊ နာယကဆရာတော်ကြီးများ၏ ဩဝါဒခံယူရန် ကိစ္စရပ်များ၊ ကမ္ပည်းမှတ်တမ်းရေးထိုးမည့် ကိစ္စရပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရေစက်ချအခမ်းအနား ကျင်းပမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ပေလေးပင်ရှင်လေးပါးဓမ္မာရုံနှင့် ကျောက်စာတိုင် ပြုပြင်မွမ်းမံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွှေအင်းဆောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရန်နောင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)