သံတွဲခရိုင် ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ


MNP ၊  ဒီဇင်ဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ သံတွဲခရိုင် ၊ ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင် ရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ  စာအုပ်ဖြင့်ဆွေးနွေးဖတ်ကြားခဲ့ကြကြောင်းသိရသည်။

ရှေ့ဦးစွာ မြို့ဦးစီးမှူး ‌ဒေါ်မြင့်မြင့်အေး က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ကိုပြောကြားပြီးနောက် စာဖတ်ဝိုင်းကို စတင်ရာ စာကြည့်တိုက်လက်ထောက် -၃ ဒေါ်ခင်မာသူကငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း(၆)ဦးစီးဌာနနှင့်အခြေခံစာရင်းပြုဌာနများအတွက်ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများမှဘဏ်များတွင်စာရင်းဖွင့်ရန်နှင့်ပိတ်ရန်နည်းလမ်းများကိုလည်းကောင်း၊ရုပ်သံကျွမ်းကျင်-၃ဒေါ်ခင်သူဇာလှိုင်က ရန်ပုံငွေလွှဲအပ်စာရင်းပြင်ဆင်ရေးဆွဲခြင်း၊ရန်ပုံငွေလွှဲအပ်စာရင်းပေးပို့ခြင်းကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက် မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ  စာအုပ်ဖြင့်ဝန်ထမ်းများဖတ်ကြားဆွေးနွေးရခြင်းသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်ငွေစာရင်းထိန်းသိမ်းနည်းများကိုဝန်ထမ်းများကျွမ်းကျင်မှူရှိစေရန်အတွက်ဖတ်ကြားဆွေးနွေးရခြင်းဖြစ်သည်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီမြို့ရုံး သည်ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား ရေးအတွက် စာဖတ်ဝိုင်းများကိုလစဉ်(၂)ကြိမ်ပုံမှန်ဆွေးနွေးလျက်ရှိကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)