MNP ၊ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှေ့၌ ပြုလုပ်ပြသထားပေးလျက်ရှိသည်။အဆိုပါပြသထားသည့် နံရံကပ်စာစောင်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသားနေ့တို့မမေ့၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းအကျဉ်း၊ ဆောင်ပုဒ်များ၊ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေ၊ စည်းလုံးခြင်း၏ အနှစ်သာရများ၊ အမျိုးသားပညာရေး၊ ကဗျာ၊ ကာတွန်းနှင့် မူးယစ်းဆေးဝါးအန္တရာယ်များအကြောင်းတို့ကို စုံလင်စွာထည့်သွင်းပြသထားပေးခဲ့ရာ ဌာနဆိုင်ရာများ၊ ဒေသခံနှင့် လမ်းသွားလမ်းလာပြည်သူ့တို့မှ စိတ်ဝင်တစား ဝင်ရောက်လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment