မိုင်းကိုင်မြို့နယ်၌လူထုလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌လူထုလမ်းလျှောက်ပွဲကျင်းပ






မိုင်းကိုင်   ဒီဇင်ဘာ ၁၆

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် အမျိုးသား အားကစားအဆင့်အတန်းမြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် လူထုစုပေါင်းလမ်း လျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်ခမ်းမရှေ့၌ စုရပ်ထားပြီး ကျင်းပပြုလုပ်ခဲ့သည်။

လူထုလမ်းလျှောက်ပွဲဆင်နွှဲရာ တွင် နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးဇင်အောင်နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်အင်အား ၇၅၀ ဦးတို့က ဗိုလ်ချုပ်လမ်းမကြီးမှတဆင့် အရှေ့မြို့ပတ်လမ်းတ‌လျှောက် ပြန်လည်လျှောက်ခဲ့ရာ မြို့မအားကစား ဘောလုံးကွင်းအတွင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကိုယ်လက်လှုပ်ရှား အားကစား အတွဲ ၁၊ ၂ တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 ထို့နောက်လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြသော မိဘပြည်သူ များကို အလှူရှင်များက မနက်စာ ကောက်ညှင်းပေါင်း၊ အကြော်၊ ရေသန့်ဗူးတို့ကို ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)