MNP ၊ ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းကသွင်းအားစုချေးငွေများအပြေအကြေပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ် တွင် သွင်းအားစုချေးငွေများအပြေအကြေပေးဆပ်နိုင်ရေး ကြွေးကျန် ကျန်ရှိကျေးရွာအုပ်စုများအား ခေါ်ယူ၍ လကုန်အမီ အကြေပေးဆပ်နိုင်ရေး ၊မြေပြင်အခြေအနေများကို မိမိတို့ကိုယ်တိုင်ကွင်းဆင်း၍ ထိရောက်စွာအောင်မြင်အောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး တက်ရောက်လာသော ကြွေးကျန် ကျန်ရှိကျေးရွာအုပ်စုများမှ လကုန်အမီ အကြေပေးဆပ်သွားမည် ဖြစ် ကြောင်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြ ကြောင်း
သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment