အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ပြင်ခရိုင်၌ သံဃပူဇနိယပွဲတော်နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ပြင်ခရိုင်၌ သံဃပူဇနိယပွဲတော်နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ






MNP ၊ ဒီဇင်ဘ ာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ အ.ထ.က ပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအမှူးပြုသော ဆရာ/ဆရာမများ၊ကျောင်းသား/သူများနှင့် ရွာသူ/ရွာသားများစုပေါင်း၍ သံဃပူဇနိယပွဲတော်နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် စည်ကားသိုက် မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အ.ထ.က ပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ဟိန်းအမှူးပြုသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများသည် အ.ထ.က ပြင်ခရိုင် ပညာရေး မိသားစုနှင့် ကျောင်းသား/သူဟောင်းများ ပေါင်းစု၍ ကုသိုလ်ပြုသော ပဒေသာပင်များ အား ပြင်ခရိုင်ကျေးရွာအတွင်းသို့ လှည့်လည်အပူဇော်ခံခဲ့ကြပြီး ပြင်ခရိုင် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းတို့အား သံဃပူဇနိယအလှူအဖြစ် ပဒေသာပင် အလှူတော်ငွေစုစုပေါင်း (၆၆၅၁၀၀၀)ကျပ်၊စတုမတူနှင့်ဒါသဗ္ဗဝတ္ထုအစုစုတို့အတွက် လှူဒါန်းငွေ(၅၆၀၈၀၀) ကျပ်တိတိ စုစုပေါင်းလှူဒါန်းငွေ(၇၂၁၁၈၀၀)ကျပ်တိတိတို့အား အသီးသီးခွဲလှူဒါန်းခဲ့ကြပြီး  ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလတော်မြတ်ကိုခံယူဆောက်တည်၍ အနုမောဒနာတရားနာကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ညနေ ၆ နာရီအချိန်တွင် အ.ထ.က ပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးက သဘာပတိအဖြစ်တာဝန်ယူ၍ ကျောင်းကောင်စီအတွင်းရေးမှူး G-11 မှ မောင်စည်သူမောင်က သံဃပူဇနိယပွဲတော် ပဒေသာပင်လှူဒါန်းရခြင်းနှင့် မီးထွန်းပွဲတော်ကျင်းပရခြင်းတို့ကိုပြောကြား၍ ကျောင်းသားလူငယ်များအစဉ် လာမပျက်နှစ်စဉ်ကျင်းပရန်နှင့် လာမည့်နှစ်များတွင်လည်း တာယူလက်ဆင့်ကမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ညီငယ်၊ ညီမငယ်များ၊ အစစအရာရာ အားပေးအားမြှောက်ပြုလုပ်ပေးပါသော ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများအား ကျေးဇူးတင်ရှိကြောင်းပြောကြား၍ ဆီမီးများ အလှထွန်းညှိပူဇော်ကြပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများနှင့် ရွာသူ/ရွာသားများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။


လှိုင်မျိုးအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)