ကော့သောင်းမြို့နယ်တွင် ခရိုင်အဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ်တွင် ခရိုင်အဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပြုလုပ်



MNP ၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး စုပေါင်းရင်းနှီးမြှုပ်နှံပေး ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  ကော့သောင်းခရိုင်လူမူဝန်ထမ်းရုံး  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများ၊ အမျိုးသမီးများအနေဖြင့် မသိရှိဘဲ အကြမ်းဖက်ခံနေရမှု ဖြစ်စဉ်များ၊ ရုပ်ပိုင်းဆိုင် ရာအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများနှင့်နောက်ဆက်တွဲအကျိုးဆက်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် ဒုမြို့နယ်ဥပဒေအရာရှိ ဦးဝေလျှံထွန်းက အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းနှင့် ပတ်သက်သော ဥပဒေများ၊ ထောင်ဒဏ်များ၊ ပြစ်ဒဏ်အမျိုးအစားများနှင့် တိုင်ကြားဆက်သွယ်နိုင်သည့် လိပ်စာများအား အသိပညာပေး ပြောကြားပေးခဲ့ပြီး အကြမ်းဖက်မှုပပျောက်ရေး ရဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကော့သောင်းမြို့မစခန်းမှူး ဒုရဲမှူးရဲထွဋ်က အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်နေသည့်  အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က လူငယ်နှင့် Social Media အကြောင်းအသိပညာပေး ပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကျား/မ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးများအား PowerPointဖြင့် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)