မိုင်းယောင်းမြို့တွင် ခရိုင်စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့တွင် ခရိုင်စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်



MNP ၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော ခရိုင်စစ်ကြောင်းကြီး (၅) ကြောင်းသည် ယမန်နေ့တွင် ဝမ်မန်းအုပ်စု၊ ဝမ်မန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနိုင်မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ် (ခ) လော်ခယ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်းနှင့် လူကုန်ကူးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ,ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုအခြေအနေများကို  သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖများက လိုအပ်ချက်များ၊ မရှင်းလင်းသည့်အချက်နှင့် မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဟောင်ကြန့်အုပ်စု၊ ကုက္ကိုလ်ပင်ကျေးရွာ မြို့နယ်စစ်မှုထမ်းဟောင်းရုံးအစည်းအဝေးခန်းမတွင် မြို့နယ်စစ်မှုထမ်းဟောင်းရုံးမြေနေရာ မြေပေးမိန့်ပေးအပ်ပွဲအခမ်းအနားကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ထို့အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အ.မ.က (ဝမ်ဖြတ်) ကျောင်း၊ အ.မ.က (ဝမ်ဒန်) ကျောင်းနှင့် အ.မ.က (ပါမုန်) ကျောင်းတို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့သည်။

ထို့ပြင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏စီမံမှုဖြင့် မြို့မရပ်ကွက်နှင့် ဒွန်းနွဲ့အုပ်စု၊ မိုင်းလွေအုပ်စုတို့ရှိ ကျေးရွာ (၇) ရွာမှ ပြည်သူများအတွက် ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည့် ဒွန်းနွဲ့ကြိုးတံတား တည်ဆောက်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထွန်းမြင့်လှိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)