ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

9

MNP ၊ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် လမ်းတံတားအရည်အ‌သွေး ထိန်းသိမ်း‌ရေးအဖွဲ့ တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စံကင်းကျွန်း ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း၊ စက္ကော့-အင်းမ ကျေးရွာချင်းဆက် ကျောက်‌ချောလမ်းခင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ညောင်တုန်းမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးစိုးမြင့်ဌေးနှင့် တင်ဒါအောင်ကုမ္ပဏီများဖြစ်သည့် ကေခိုင်ဦးကုမ္ပဏီ၊ လဒ်ပိုးသဲကုမ္ပဏီတို့၏ တာဝန်ခံအင်ဂျင်နီယာတို့က  လမ်းခင်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့သည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages