အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်



MNP ၊ ဒီဇင်ဘာ ၁၂

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တို့မှ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့နယ်၊ မြဝတီ ရပ်ကွက်နေ ဦးမျိုးမင်းထိုက်(ခ)မင်းမင်း(၃၁)နှစ်သည် ထန်းတောရပ်ကွက်ရှိ “ငွေဇင်ရော်” အအေးဆိုင် ၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ် ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမျိုးမင်းထိုက်(ခ)မင်းမင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်တန်း ကျေးရွာနှင့် ကျောက်ရေတွင်း ကျေးရွာသွားလမ်းရှိ လမ်းဘေးရေမြောင်းအတွင်း၌ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါနေရာတွင် ပေါင်မြို့နယ်၊ ရင်းငြိမ်(မြောက်)ကျေးရွာနေ ဦးမှတ်ကြီး(ခ)မျိုးမင်းထွန်း (၄၅)နှစ်အား ကျည်ထိမှန်ဒဏ်ရာများဖြင့် ရေမြောင်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လက္ကောင်းကြီး ကျေးရွာ၏ သုသာန်၌ ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသား တစ်ဦး(စိစစ်ဆဲ)အား ဦးခေါင်းနှင့် ရင်အုံတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကန်တော် ကျေးရွာ၏အနောက်ဘက် သုသာန်ဇရပ်ပေါ်၌ အမျိုးသမီး ၁ ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့၊ ဈေးမရပ်ကွက်နေ ဒေါ်လဲ့လဲ့စိုး(၅၅)နှစ်အား ဦးခေါင်းနောက်စေ့ကွဲအက်ဒဏ်ရာ၊ ဝဲပါးပေါက်ပြဲဒဏ်ရာ၊ ဝဲပုခုံးကျည် ထိမှန်များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)