MNP ၊ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) ရေးသားသော "ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်"စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးချစ်စိုးနှင့်အဖွဲ့ဝင် စာရေးဆရာမင်းဝေမှူး၊ ဦဟံသောင်းတို့က ဦးဆောင်၍ "ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်" စာအုပ်မှ ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်၊ လွင်ပြင်နှစ်ထပ်၊ ကန္တာရဝေးဝေး၊ မြေပြင်ပေါ်က နတ်ပြည်၊ ညီတော်အာနန္ဒာကိုပင် စွဲချက်တင်ခဲ့သည် စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment