MNP ၊ ဒီဇင်ဘာ ၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တိုသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်း၌ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး၊ ခုတင်(၁၀၀၀) တွင် ရှေ့တန်းနယ်မြေအသီသီးမှ ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးကုသမှုခံယူနေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ လုံခြုံရေးတပ်ဖွဲဝင်များထံသို သွားရောက်ပြီး ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်းမှုအနေဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ လုံခြုံရေးတပ်ဖွဲဝင်များ ပေါင်း (၁၈၅)ဦးအတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ဆေးကုသမှုခံယူနေသူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
Photo - USDP
https://t.me/MyanmarNationalPost
No comments:
Post a Comment