ဝမ်းတွင်းမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံးတို့တွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဝမ်းတွင်းမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံးတို့တွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်


23

24

25

MNP ၊ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများနှင့် ပတ်သက်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊  မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေး ထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကိုမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဌေးလှိုင်(ဝမ်းတွင်း)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Pages