မြိတ်မြို့တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် လူရည်ချွန် ကျောင်းသား/သူများ ရွေးချယ်ရေး စာမေးပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြိတ်မြို့တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် လူရည်ချွန် ကျောင်းသား/သူများ ရွေးချယ်ရေး စာမေးပွဲ ကျင်းပ

4

5

6

7

8

9

MNP ၊ ဒီဇင်ဘာ ၅

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍  စာရိတ္တကောင်းမွန်သော နိုင်ငံသားကောင်း ကျောင်းသား/သူ လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ မြို့နယ်အဆင့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် လူရည်ချွန် ကျောင်သား/သူ ရွေးချယ်ရေး ရေးဖြေစာမေးပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က (၁) မြိတ်တွင် စတင်ကျင်းပသည်။လူရည်ချွန် ကျောင်းသား/သူများ ရွေးချယ်ရာတွင် ရေးဖြေစာမေးပွဲဖြေဆိုခြင်း၊ နှုတ်ဖြေဘာသာရပ်များ စစ်ဆေးခြင်းနှင့် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်း စသည်တို့ကို ဖြေဆိုကြရမည် ဖြစ်သည်။ ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေ ဘာသာရပ်များကို ဖြေဆိုကြရမည် ဖြစ်၍ နှုတ်ဖြေဘာသာရပ်များတွင် စာရိတ္တနှင့် ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေ့၊ အထွေထွေ ဗဟုသုတများကို ဖြေဆိုကြရမည်ဖြစ်ပြီး ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းတွင် ကျောင်းသား/သူ တစ်ဦး ချင်းစီ၏ ကိုယ်ကာယကြံ့ခိုင်မှုစွမ်းဆောင်ရည်ကို ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။မြို့နယ်အဆင့်  လူရည်ချွန် ကျောင်သား/သူ ရွေးချယ်ရေး ရေးဖြေစာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade 9 မှ Grade 12 ထိ ကျောင်း သား/သူ စုစုပေါင်း(၉၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများသည် နှုတ်ဖြေစာမေးပွဲ နှင့် ကိုယ်ကာယ ကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ဖြေဆိုကြသည့် ကျောင်းသား/သူများမှ  Grade 9 မှ Grade 12 ထိ တစ်တန်းလျှင် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား(၁)ဦး နှင့် ကျောင်းသူ(၁)ဦးစီရွေးချယ်၍ ခရိုင်အဆင့် စာမေးပွဲကို ဆက်လက်ဖြေဆို ကြရမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages