“ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်ပြည့်” အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်ပြည့်” အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေမည်


MNP ၊ ဒီဇင်ဘာ ၁၁

ငယ်မည် “မောင်မောက်” အမည်ရ အင်းဝခေတ်စာဆိုအကျော် “ရှင်မဟာရဋ္ဌသာရ” သည် မြန်မာသက္ကရာဇ် ၈၃၀ ခုနှစ် ခရစ် သက္ကရာဇ် ၁၄၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ၅၅၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အင်းဝခေတ်၌ ပျို့၊ ကဗျာ၊ အလင်္ကာ၊ မော်ကွန်း၊ ရတု၊ ဆုံးမစာ စသည့် စာပေအမျိုး အစားပေါင်းစုံကို ရေးသားဖွဲ့ဆိုခဲ့သော မြန်မာစာပေကို ထွန်းတောက်စေခဲ့သည့် အင်းဝခေတ် “ပေလေးပင်ရှင်လေးပါး” ဝင် ရဟန်းစာဆိုအကျော် “ရှင်မဟာရသာရ” အား ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းသည် “ရှင်မဟာရသာရ ၅၅၅ နှစ် ပြည့်” အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ဒီဇင်ဘာ ၁၃ ရက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နတ်တော်လဆန်း ၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ထုတ်ဝေရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)