ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေး


MNP ၊ ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ CMP စနစ်အသုံးပြု၍ ဦးထုပ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် Asia Caps Co., Ltd ကို သွားရောက်ကြည့်ရှု အားပေးကြသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လက်ရှိလုပ်ငန်းလည်ပတ်နေမှု၊ လစဉ်ထုတ်လုပ်နိုင်မှု၊ နိုင်ငံခြားသို့ ထုတ်ကုန်ပစ္စည်းတင်ပို့မှု၊ ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှု၊ ပြည်တွင်းလုပ်သား ခန့်ထား ပေးနိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့နိုင်ရေး၊ CMP လုပ်ငန်း အောင်မြင်တိုးတက်စေရေး ကိစ္စရပ်များနှင့်ပတ်သက်၍ စက်ရုံ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လုပ်ငန်းများ လည်ပတ်နေမှုအခြေအနေကို လှည့်လည် ကြည့်ရှုကြသည်။

Asia Cap Co., Ltd သည် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၄၀၀ ခန့် ဖန်တီးပေးနိုင်ပြီး ပြည်ပနိုင်ငံများသို့ တစ်လလျှင် ဦးထုပ်အမျိုးမျိုး ၂၅၀၀၀၀ ခန့် တင်ပို့နေသည့် စက်ရုံဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်္ဂလာဒုံစက်မှုဇုန်၌ CMP စနစ်အသုံးပြု၍ ဇာပန်းထိုးခြင်းနှင့် အထည်ချုပ်လုပ်ငန်းဆောင်ရွက်နေသည့် Sun-Flower Lace Co., Ltd ကို သွားရောက်ကြည့်ရှုအားပေးကြပြီး ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးကြကာ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ ပြည်ပသို့ ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး၊ ထုတ်လုပ်မှုတိုးတက်စေရေး၊ လူမှုရေးဆိုင်ရာ တာဝန်ယူမှုအစီအစဉ် (Corporate Social Responsibility) ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လုပ်ငန်းများလည်ပတ်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

Sun-Flower Lace Co., Ltd သည် အရှေ့တောင်အာရှနှင့် ကမ္ဘာ့နံပါတ်တစ်အကောင်းဆုံး ဇာပန်းထိုး အထည်အမျိုးမျိုးကို ထုတ်လုပ်တင်ပို့လျက်ရှိပြီး ယခုစက်ရုံအပါအဝင် မြန်မာနိုင်ငံ၌ စက်ရုံ သုံးရုံ တည်ထောင်၍ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၀၀ ခန့် ဖန်တီးပေးသည့် လုပ်ငန်း ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)