ပြည်သူ့အကျိုးအတွက် လက်တွေ့အသုံးချနည်းပညာကဏ္ဍ မြှင့်တင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့အကျိုးအတွက် လက်တွေ့အသုံးချနည်းပညာကဏ္ဍ မြှင့်တင်ဆောင်ရွက်


MNP ၊ ဒီဇင်ဘာ ၃၀

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်း၌ ကွန်ပျူတာ တက္ကသိုလ်(မကွေး)သို့ ရောက်ရှိ ခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ စာတတ်မြောက်ရေး “ဝထကလသ” Application ရေးဆွဲ ဆောင်ရွက်မှုနှင့်ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုများနှင့် တက္ကသိုလ်ဆိုင်ရာအချက်လက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြည်သူ့အကျိုးပြု အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အမှန်တကယ် အထောက်အကူပြုနိုင်မည့် လက်တွေ့အသုံးချ သတင်းအချက်အလက် နည်းပညာကဏ္ဍကို ထိရောက်ပီပြင်စွာ မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၌ ရွှင်လန်းချမ်းမြေ့စွာ သင်ယူလေ့လာ လျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးပြီး နိုင်ငံ့အကျိုးပြု IT ပညာရှင်ကောင်းများဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန်မှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီး သည် အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက တိုင်းကျိုးပြည်ပြု နည်းပညာရှင်ကောင်းများကို အရည်အသွေးပြည့်မီစွာ ပျိုးထောင် မွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများ၌ ကြည့်ရှုစစ်ဆေး၍ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အထောက်အကူပြုသည့် လက်တွေ့လုပ်ငန်းများဖြင့် လှုပ်ရှားသက်ဝင်နေသော အလုပ်ရုံများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ MSMEs လုပ်ငန်းရှင်များထံ နည်းပညာဖြန့်ဝေမှုများကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ လျှပ်စစ်သုံးယာဉ်ကို စက်မှုလယ်ယာကဏ္ဍ၌ အသုံးချနိုင်ရေးနှင့် ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍကို မြှင့်တင်အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာ ကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းတွင်းအဆောင်များ ၌ ကျောင်းသား ကျောင်းသူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၌ မိမိတို့တတ်ကျွမ်းသော နည်းပညာများဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် အနာဂတ်မျှော်လင့်ချက် ကြယ်ပွင့်လေးများပီပီ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)