ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေး ငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေး ငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်လျက်ရှိ

 

15

14

13

12

MNP ၊ ဒီဇင်ဘာ - ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်

ဝန်ဆောင်အမျိုးသမီး များနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်အသက်(၂)လမှ(၂)နှစ်အောက် ကလေးများအား အဆုပ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသဲ ရောင်/အသားဝါ၊ ဦးနှောက်အမှေးပါးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ (၅)မျိုးစပ်၊ ပိုလီယိုသောက်ဆေး နှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိသည်။

             ထိုနည်းတူစွာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ သတ်မှတ်စုရပ်နေရာများသတ်မှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန် ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။


 ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages