အိန္ဒိယနိုင်ငံက ဈေးသက်သာသည့် ရုရှားဂျုံများ တင်သွင်းနိုင်ရန် ဖြေလျော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယနိုင်ငံက ဈေးသက်သာသည့် ရုရှားဂျုံများ တင်သွင်းနိုင်ရန် ဖြေလျော့မည်



MNP ၊ ဒီဇင်ဘာ ၈

အိန္ဒိယနိုင်ငံတွင် ယခုနှစ် ဂျုံစိုက်ပျိုးသည့်အချိန် နောက်ကျသည်။ အယ်နီညို ဖြစ်စဉ်ကြောင့်  ဖြစ်ပေါ်မည့် မိုးလေဝသ အလားအလာသည် အထွက်နှုန်း လျော့နည်းမည်ဖြစ်သဖြင့် အိန္ဒိယအစိုးရသည် ဈေးသက်သာသည့် ရုရှားဂျုံ တင်သွင်းခြင်းကို ဖြေလျော့ပေးပြီး ပြည်တွင်း ဂျုံဈေးနှုန်းများ မြင့်တက်နေသည်ကို လျော့ကျစေမည် ဖြစ်သည်။ 

၂၀၂၄ မတ်-ဧပြီတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းဂျုံဈေးနှုန်းများ ကျဆင်းအောင် ကြိုးပမ်းမည် ဖြစ်သည်။ အိန္ဒိယအစိုးရသည် ရုရှားဂျုံ တင်သွင်းခြင်းကို မက်ထရစ် တန်ချိန် တစ်သန်းအထိ ခွင့်ပြုမည်ဟု ခန့်မှန်းထားကြသည်။ သွင်းကုန်ခွန် ၄၀% စည်းကြပ်နေသည်ကိုလည်း ၁၅-၂၀% သို့ လျှော့ချပေးမည် ဖြစ်သည်။ 

ပြည်တွင်း ဂျုံဈေးသည် သတ်မှတ်ထားသော ဈေးနှုန်းထက် ၂၅ ရာခိုင်နှုန်း မြင့်မားနေသည်။ ရာသီဥတု ဖောက်ပြန်မှု အခြေအနေများကြောင့် ဂျုံထွက်ရှိမှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်မှာ ၂ နှစ်ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ အရံဂျုံ သိုလှောင်သည့် ပမာဏလည်း လျော့နည်းသွားစေခဲ့သည်။

ကမ္ဘာ့ဂျုံ ထုတ်လုပ်မှုသည်လည်း အလားအလာ မကောင်းချေ။ S&P Global Commodity Insight အဆိုအရ ဂျုံထုတ်လုပ်သည့် နိုင်ငံများတွင် အဓိကကျသည့် ဩစတေးလျနိုင်ငံတွင် ဂျုံထုတ်လုပ်မှု ၄၀% လျော့ကျမည်။ 

ဂျုံအများဆုံး ထုတ်လုပ်ပြီး အများဆုံး စားသုံးသော တရုတ်နိုင်ငံတွင်လည်း ရာသီဥတု ဆိုးဝါးသဖြင့် ဂျုံထုတ်လုပ်မှု လျော့ကျသည်။ လာမည့်နှစ်တွင် ဂျုံတန်ချိန် မက်ထရစ်တန် ၁၂ မှ ၁၅ သန်းအထိ တင်သွင်းလိမ့်မည်။ ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန် ၁၂ သန်း တင်သွင်းခဲ့သည်။ 


Ref - India express 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)