MNP ၊ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဒေသနေပြည်သူများစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာ(၅၄၀၀)ကျပ်နှူန်းဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန်က ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အခွန်လွတ်ဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှု ကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်းပြီး ပြည်သူများ စားသုံးဆီဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်ရန် လက်လီရောင်းချပေးရာ စားသုံးဆီ တစ်ပိဿာလျှင် (၅၄၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန်(၁၁၀)ကို ပြည်သူ(၂၂၀)ဦးအား စနစ်တကျတန်းစီစနစ်ဖြင့် လက်လီ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment