ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ဆက်လက်ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ဆက်လက်ထုတ်ပြန်


MNP ၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌  ၂၀၁၇ခုနှစ်၊   ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက် အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ် နှင့် ပတ်သတ်၍ တရားဉပဒေစိုးမိုးရေး နှင့် ပြည်သူများအေးချမ်းစွာ နေထိုင်ရေး အ တွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဉပဒေ ပုဒ်မ-၁၄၄ အရ အား ထုတ်ပြန်ခဲ့ပြီး ဆက်လက် ထုတ်ပြန်ရန်လိုအပ်သည့်အတွက် (၁၁-၁၂-၂၀၂၃) ရက် နေ့တွင်  အမိန့်အမှတ်(၆/၂၀၂၃)ဖြင့် ညနေ (၂၂:၀၀)နာရီမှ နောက် တစ်နေ့ နံနက်(၀၅:၀၀)နာရီ အချိန်ထိ ညမထွက်ရ အမိန့်ကို ထပ်မံ ထုတ်ပြန်ခဲ့သည်။

ယခုအချိန်တွင် တရားဉပဒေစိုးမိုးမှု ရရှိစေရေး အတွက် တပ်မတော် နှင့် လုံခြုံရေးအဖွဲ့များမှ ဉပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် (ပုဒ်မ-၁၄၄)အမိန့် ထုတ်ပြန်ခြင်းအား ဆက်လက် ထုတ်ပြန် ရန်လိုအပ်ကြောင့် သုံးသပ်ရရှိသဖြင့် မောင်တောမြို့နယ် အတွင်း  တာဝန်ရှိသူများမှ အပ လမ်းမကြီးများ၊ အများ ပြည်သူ တို့သွား လာလမ်း၊ လမ်း မကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဉယျာဉ်(သို့မဟုတ်)အများပြည်သူ နှင့် သက်ဆိုင်သော ဗလီ ၊ ကျောင်း နေရာများတွင်(၅)ဦး (သို့မဟုတ်) (၅)ဦး တက်ပိုသောသူများ စုဝေးခြင်း မပြုလုပ်ရေးအတွက် ည(၂၂:၀၀)နာရီမှ နောက်တစ်နေ့ နံနက်(၀၅:၀၀) နာရီ အချိန်ထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဉပဒေ(ပုဒ်မ-၁၄၄)အရ ထပ်မံ ထုတ်ပြန်လိုက်ပြီး ဤအမိန့်အား နောက်(၂)လပြည့်မြောက်သည်အထိ အတည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)