မြန်မာပြည်၏ ဘင်လာဒင် (သို့မဟုတ်) မင်းကိုနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာပြည်၏ ဘင်လာဒင် (သို့မဟုတ်) မင်းကိုနိုင်



ယနေ့ ကျွန်တော်တို့တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်နေသမျှ ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံရေးမှိုင်းတိုက်သူများကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးမှိုင်းတိုက်သူတွေထဲမှာ နိုင်ငံရေးလုပ်စားသူတွေ ပါသလို၊ ပြည်ဖျက်မီဒီယာတွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများ ပူးပေါင်းလှုံ့ဆော်ခြင်းကြောင့် လူငယ်တွေမှာ အတွေးမှား၊ အမြင်မှားဖြစ်ပြီး လမ်းမှားပေါ်လိုက်မိကြရာက အကြမ်းဖက်သမားတွေ ဖြစ်ခဲ့ရပါတယ်။ စာရေးသူအနေနဲ့ကတော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြတဲ့ ပြည်ပြေး ဝရမ်းပြေးတွေကို ပြည်ဖျက်မိစ္ဆာများ လို့ ဝိသေသန ပြုပြီး သုံးစွဲပါတယ်။


နိုင်ငံရေးမှိုင်းတိုက်သူများ ရိုးသားသလား

ယနေ့ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းကို ပြန်ပြောရင် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရတယ်။ အဲဒီလို ဆောင်ရွက်ခြင်း မပြုမီမှာလည်း မဲမသမာမှုတွေအပေါ် အခြားသော နိုင်ငံရေးပါတီတွေက တိုင်းကြားမှုတွေ လုပ်ဆောင်နေတဲ့အပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့တာတွေ ရှိပါတယ်။ 

ဒီဖြစ်စဉ်အပေါ်မှာ နိုင်ငံရေးမှိုင်းတိုက်တဲ့ ပြည်ဖျက်မိစ္ဆာများက NLD ပါတီက ကျူးလွန်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေကို ဘယ်တုန်းကမှ ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ဘူး။ မဲလိမ်မဲခိုးတာက သောင်းဂဏန်း၊ သိန်းဂဏန်း ခိုးခဲ့တာမျိုး မဟုတ်ဘဲ သန်းနဲ့ချီပြီး ခိုးခဲ့တဲ့ မဲလိမ်မဲခိုးမှုကြီး ဖြစ်ပါတယ်။ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တာ NLD မဟုတ်ဘဲ တခြားသော ပါတီအဖွဲ့အစည်းများ ဥပမာ USDP ၊ တစည တို့လို ပါတီတွေက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့မယ်ဆိုရင် အခု နိုင်ငံရေးမှိုင်းတိုက်နေသူတွေ၊ ပြည်ဖျက်မီဒီယာတွေ ဝေဝေဆာဆာ ထပ်ခါတလဲလဲ ဖော်ပြကြမယ် မဟုတ်ပါလား။ ဒါမျိုးကိစ္စတွေက ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနဲ့တင် သူတို့ရဲ့ သဘောသဘာဝကို ရုပ်လုံးဖော်ကြည့်လို့ ရပါတယ်။ မဲလိမ်မဲခိုးမှုကြီးကို USDP က ကျူးလွန်ခဲ့ခြင်းမဟုတ်သလို တစညပါတီက ကျူးလွန်ခဲ့ခြင်းလည်း မဟုတ်ဘူး။ NLD ပါတီက ကျူးလွန်ခဲ့တဲ့ အပေါ်မှာ နိုင်ငံရေးပါတီများနဲ့ တပ်မတော်က ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာတွေကို NLD ပါတီက ဖြေရှင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူး။ မဲမသာမာမှုဖြစ်စဉ်တွေအပေါ် ဖြေရှင်းဆောင်ရွက်ခြင်း လုံးဝမရှိဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ NLD ပါတီက တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်ဖွဲ့စည်းတော့မယ်ဆိုတဲ့ အချိန်ကြမှသာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံရေးမှိုင်းတိုက်နေကြတဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများဖြစ်ကြတဲ့ ပြည်ဖျက်မိစ္ဆာအပေါင်းအပါများက ဒီလို အချက်အလက်တွေကို လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောဆိုဝံ့ဘဲ တပ်မတော်ကို အာဏာလုယူပါတယ်လို့ မှိုင်းတိုက်ခဲ့ကြတယ် မဟုတ်ပါလား။


ဆူပူမှုတွေရဲ့ အစ

NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်တချို့ ထိန်းသိမ်းခံလိုက်ရပြီးချိန်မှာ ၂ရက်လောက်တော့ ငြိမ်သွားပါတယ်။ ၄-၂-၂၀၂၁ ရက်နေ့မှာ နိုင်ငံရေးလှုံ့ဆော်သူတွေဟာ လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမကြီးပေါ်မှာ ဆန္ဒပြမှုစတင်ခဲ့ပြီး မြေနီကုန်း၊ ဆူးလေ စသဖြင့် ဆူပူမှုတွေ စတင်ခဲ့ပါတယ်။ ဆန္ဒပြချင်ရင် ဥပဒေအရ ဆန္ဒပြခွင့် ရှိပါတယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေဆိုတာဟာ ၂ရက် ကြိုတင်ပြီး တင်ပြရုံနဲ့ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ခွင့်ပြုပေးထားပါတယ်။ ဆူပူအကြမ်းဖက်မှုဆီကို ဦးတည်တဲ့ NLD ဦးဆောင်သူများနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက စီစဉ်တဲ့ ဆန္ဒပြမှုတွေဟာ ဥပဒေနဲ့အညီ တင်ပြဆောင်ရွက်ခြင်းမျိုးမဟုတ်ခဲ့ပါဘူး။ ထိုစဉ်ကတည်းက ဖမ်းဆီးထိန်းသိမ်းရမှာ ဖြစ်ပေမယ့် အစိုးရကထိန်းသိမ်းခြင်း မရှိခဲ့ပါဘူး။ နိုင်ငံရေးမှိုင်းတိုက်သူတွေ က ဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ လူငယ်တွေကို မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး ဆူပူဆန္ဒပြမှုများမှသည် အကြမ်းဖက်လမ်းစဉ်ပေါ်ကို စွဲခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဆန္ဒပြပွဲများမှာ ပါဝင်လာကြတဲ့ လူငယ်များဟာ ဆန္ဒလာပြရင် ထမင်းဗူးရတယ်။ ထမင်းဗူးထဲမှာ ငွေ ၁၀၀၀၀ ပါတယ်။ ထမင်းဗူး ၃ဗူးလောက် ရရင်ကို အလုပ်ဖြစ်တဲ့ အခြေအနေမျိုးဖြစ်အောင် နိုင်ငံရေးမှိုင်းတိုက်သူများက စီစဉ်နိုင်ခဲ့ပါတယ်။ သူတို့တွေက အဲဒီလို ဘာကြောင့်ပေးနိုင်တာလဲဆိုရင် သူတို့လက်ထဲမှာက အမေရိကန် က ထောက်ပံ့ထားတဲ့ ငွေကြေး၊ အိုအိုင်စီက ထောက်ပံ့ထားတဲ့ငွေကြေး က သူတို့လက်ထဲမှာ အလုံးအရင်းနဲ့ ရှိနေပြီး အနုပညာရှင်များကို ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေမှာ ပါဝင်လာအောင် ငွေကြေးနဲ့သိမ်းသွင်းနိုင်ခဲ့တယ်။ ငွေမျက်နှာတစ်ခုသာ ကြည့်တဲ့ အနုပညာရှင်ဆိုသူများကလည်း ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုတွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖော်ပြပေးရုံမျှမက သူတို့ကိုယ်တိုင် ဆန္ဒပြပွဲမပါရင် Social Punishment အလုပ်ခံရမှာ ကြောက်တဲ့ အခါကြတော့ လက်သုံးချောင်းထောင်ပြီး ဆန္ဒပြမှုတွေမှာ ဦးဆောင်လာခဲ့ကြပါတယ်။ 


အကြမ်းဖက်လှုံ့ဆော်သူတွေ ထွက်ပြေး

ဆူပူဆန္ဒပြရာကနေ နီပိန်းများဟာ သူတို့နဲ့အတူ ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်းမရှိတဲ့သူတွေကို ရန်ပြုစော်ကားလာကြတယ်။ ဖမ်းဆီးပြီး မဖွယ်မရာလုပ်တာတွေ ကျူးလွန်လာကြတယ်။ နောက်တော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်မှုတွေ လုပ်ဆောင်လာကြပါတယ်။ အဲဒီကာလအတွင်းမှာပဲ ဆူပူအကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင်၊ ဂျင်မီ၊ အဆိုတော် အလင်းလင်း၊ မျိုးရန်နောင်သိန်း၊ မောင်မောင်အေး (ဂတုံး)၊ ပန်ဆယ်လို (အပျံမ)၊ အင်းစိန်အောင်စိုး တို့ကို ၅၀၅-က နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။ သို့သော် ဖမ်းဆီးခြင်း မလုပ်သေးပါဘူး။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ စာရေးသူအနေနဲ့ ဝရမ်းထုတ်ထားသူတွေကို ဖမ်းဆီးရမိအောင် ဆောင်ရွက်ဖို့၊ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေကို အရေးယူဆောင်ရွက်ဖို့ မေးခွန်းထုတ်ခဲ့ပါတယ်။ 

ထိုစဉ်အချိန်ကစပြီး အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင် နဲ့ အပေါင်းအပါတွေဟာ ပြေးပေါက်ရှာနေကြပြီ။ သူတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ စတင်ဖြစ်ပေါ်ပြီဆိုတဲ့ အချိန်ကိုလည်း ရောက်ရော မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ဟာ မြဝတီနယ်စပ်ထွက်ပေါက်ကနေ အမေရိကန်ထိ ရောက်ရှိအောင် ထွက်ပြေးကြပါပြီ။ ဦးဆောင်လှုံ့ဆော်သူ အားလုံးနီးပါး ထွက်ပြေးသွားကြခြင်း ဖြစ်ပါတယ်။ ဦးဆောင်လှုံ့ဆော်ခြင်းမပြုတဲ့ NLD လွှတ်တော်အမတ်များက လူငယ်များကို KIA, KNU တပ်စခန်းများထံ စေလွှတ်ပြီး အကြမ်းဖက်သင်တန်းတက်ဖို့ စီစဉ်ဆောင်ရွက်ပေးကြပါတယ်။ KIA, KNU တပ်ဖွဲ့များထံမှာ အကြမ်းဖက်သင်တန်းတက်ခဲ့ပြီးဖြစ်တဲ့ နီပိန်း PDF (ပဒက်)များဟာ ရန်ကုန်၊ မန္တလေးအပါအဝင် ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်လည် ဖျက်ဆီးတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ စတင်ခဲ့ကြခြင်းဖြစ်ပါတယ်။


အကြမ်းဖက်လှုပ်ရှားမှုရဲ့ ရလာဒ်

ပြည်ပကို ထွက်ပြေးသွားတဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့လို ပေါက်ပန်းစေ လုပ်ကြံဖန်တီးလှုံ့ဆော်နိုင်စွမ်း ရှိသူများဟာ အစိုးရရဲ့ ဆောင်ရွက်ချက်မှန်သမျှကို အဖျက်အမှောင့်လုပ်ဖို့ လှုံ့ဆော်ရာမှာ ပညာရေးကိုလည်း အဓိကပစ်မှတ်ထား လှုံ့ဆော်ခဲ့ကြပါတယ်။ နီပိန်း ပဒက်များဟာ KIA, KNU ဆီက အကြမ်းဖက်သင်တန်းဆင်းပြီး ပြန်လာချိန်မှာ USDP ပါတီဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေရာကနေ အစိုးရက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစလို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်တဲ့အချိန်မှာ ပြည်ပြေး ဝရမ်းပြေး မျိုးရန်နောင်သိန်း က စာသင်ကြားပေးမယ့် ဆရာ/ဆရာမတွေကို ခြိမ်းခြောက်သကဲ့သို့ ကျောင်းထားမယ့် ကျောင်းသား မိဘတွေကိုလည်း "ကိုယ့်သား ကိုယ့်သမီး ခြေပြတ်လက်ပြတ် ဖြစ်ချင်ရင် ကျောင်းသွားထား၊ ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်မယူဘူး" ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တချို့သော နီပိန်းမိဘများသည် ကလေးငယ်များကို ကျောင်းမထားကြပါဘူး။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ နီပိန်း ပဒက် အကြမ်းဖက်သမားများက ကျောင်းများကို မီးရှို့၊ ဗုံးပစ်ပြီးဖောက်ခွဲ နောက်တော့ ဆရာ/ဆရာမတွေ ကို သတ်ဖြတ်သည်အထိ ရက်စက်ယုတ်မာခဲ့ကြပါတယ်။

အနှစ်ချုပ်ပြီး ပြောရင်း ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများရဲ့ စဉ်ဆက်မပြတ် လှုံ့ဆော်မှုနဲ့အတူ နီပိန်း ပဒက် အကြမ်းဖက်သမားများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၇၆၀၀)ကျော် သေဆုံးခဲ့ရပါတယ်။ လမ်းတံတား၊ ရုံးအဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုရဲ့ ရလာဒ်တွေပါပဲ။


ခွင့်လွှတ်နိုင်စရာမရှိ

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲပြီး KIA, KNU, KNPP, CNF အစရှိသော တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့များကလည်း အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြတယ်။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်ခဲ့ကြတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ခွင့်လွှတ်နိုင်စရာ ရှိသလားလို့ မေးရင် ခွင့်လွှတ်နိုင်စရာတစ်စက်ကလေးမှ မရှိပါဘူး။

သို့ပေသော် ပြည်ပသြဇာခံ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနောက်ကို လိုက်ပါဆောင်ရွက်နေကြတာက ကိုယ့်တိုင်းရင်းသားပြည်သူတွေ ဖြစ်နေတယ်။ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ဖိတ်ခေါ်ခဲ့သလို ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး လက်နက်ကိုင် အကြမ်းဖက်သမားများဖြစ်နေကြတဲ့ နီပိန်းများကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသလို NUG နဲ့ လက်တွဲပြီး အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေတဲ့ KIA, KNU တို့ကတော့ စားပွဲဆီ ရောက်မလာခဲ့ကြပါဘူး။ နီပိန်း ပဒက် အကြမ်းဖက်သမားတချို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတာမျိုး ရှိပါတယ်။

အစိုးရဘက်က ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး အကြမ်းဖက်အဖွဲ့အစည်းများက စစ်မျက်နှာပေါင်းစုံကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ မြို့သိမ်းတိုက်ပွဲလို့ ကြွေးကြော်ကြီး တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်တွေမှာ မြို့ခံဒုက္ခရောက်ခဲ့ရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ 


တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လှုံ့ဆော်မှုနဲ့ နီပိန်းတွေက အကြမ်းဖက်သမားများဖြစ်လာကြပြီး ငါနဲ့ မတူ ငါ့ရန်သူ လို သဘောထားပြီး သံဃာတော်များ၊ ဆရာ/ဆရာမများကိုပါ ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့သလို အုပ်ချုပ်ရေးမှူးတွေ၊ အခြားသော ပါတီအဖွဲ့အစည်းဝင်တွေ၊ ဘယ်ပါတီဝင်မှ မဟုတ်တဲ့ ပြည်သူကိုလည်း သူတို့နဲ့အတူ အကြမ်းဖက်လှုပ်ရှားမှုမှာ မပါဝင်ရကောင်းလားဆိုပြီး ဒလန်၊ ပျူစောထီး စသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေမှာ တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ ပြည်သူများက ဒီအကြမ်းဖက်အဖွဲ့တွေကို အစိုးရက ပပျောက်အောင် ဆောင်ရွက်မှာလား ဆိုတာကိုပဲ မေးခွန်းထုတ်ခဲ့တာပါ။ အကြမ်းဖက်သမားများကို ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ လမ်းဖွင့်ပေးနေတာမျိုးကိုလည်း ပြစ်တင်ပြောဆိုတာမျိုး မရှိပါဘူး။ အကြမ်းဖက်သမားများကို ကွပ်မျက်ပေးဖို့ တောင်းဆိုခြင်းမျိုးလည်း မရှိပါဘူး။ နီပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာ ဆုံးရှုံးနေရတဲ့အပေါ်မှာတော့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာလည်း အားမလို အားမရဖြစ်လာကြသလို အကြမ်းဖက်အဖွဲ့တွေကိုလည်း ရွံမုန်းလာကြပါတယ်။


နိုင်ငံရေးမှိုင်းတိုက် အကြမ်းဖက်လှုံ့ဆော်သူများ

NLD ပါတီဦးဆောင်သူများဟာ အာဏာလက်မဲ့ဖြစ်သည့်အချိန်ကစပြီး ယနေ့အချိန်အထိ အားကောင်းမောင်းသန် အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ နေ့စဉ်လူမှုစီးပွားဘဝ အခက်တွေ့စေမယ့် လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်မှုတွေကလည်း နေ့စဉ်မရိုးရပါဘူး။ 

အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်နေကြတဲ့အထဲမှာ NLD ပါတီဦးဆောင်သူတွေ၊ လွှတ်တော်အမတ်ဟောင်းတွေပါသလို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေလည်း ပါတယ်။ NLD လော်ဘီ အလှူခံကျွမ်းကျင်သူတွေလည်း ပါသလို အနုပညာရှင်အမည်ခံ အကြမ်းဖက်လှုံ့ဆော်မှုတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှိုင်းတိုက်ပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ကြတဲ့အထဲမှာ သူမတူအောင် လှုံ့ဆော်နိုင်စွမ်းရှိသူကတော့ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းက မင်းကိုနိုင်ဆိုသူပဲ ဖြစ်ပါတယ်။


မြန်မာပြည် ၏ ဘင်လာဒင်

တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများက နီပိန်း ပဒက် အကြမ်းဖက်သမားများက ရက်စက်ယုတ်မာနေလို့ သူတို့ကို လက်တုန့်ပြန်လိုစိတ်လည်း မရှိပါဘူး။. သည်းခံခွင့်လွှတ်ခြင်းနဲ့ အမှားသိပြီး အမှန်ပြင်စေချင်ကြတာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကတော့ သူတို့က ယမ်းငွေ့တောင်မသမ်းတဲ့ ပြည်ပနိုင်ငံများမှာ နေထိုင်ပြီး ပြည်တွင်းမှာ ရှိတဲ့ သူတို့ရဲ့ လက်ပါးစေ နီပိန်း ပဒက် အကြမ်းဖက်သမားလေးတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုပြီး ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေကြတာဖြစ်ပါတယ်။

မင်းကိုနိုင် ရဲ့ လှုံ့ဆော်မှုတွေကို ကြည့်ရင် လုပ်ကြံဖန်တီး ပြောဆိုမှုတွေမှာ စကားလုံးတွေ ပြောင်မြောက်တယ်။ လိမ္မာပါးနပ်စွာနဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေကို ယုံကြည်အောင် ပြောဆိုနိုင်စွမ်းရှိတယ်။ အကြမ်းဖက်လှုံ့ဆော်သူ အားလုံးထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံးပုဂ္ဂိုလ် တစ်နည်းအားဖြင့် မြန်မာပြည် ၏ ဘင်လာဒင်လို့ တင်စားပြောဆိုလို့ ရပါတယ်။

အခုရက်ပိုင်းအတွင်း ရှမ်းပြည် (မြောက်ပိုင်း)မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့တဲ့ MNDAA, TNLA, AA အကြမ်းဖက် သောင်းကျန်းသူများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်မှာ မင်းကိုနိုင် ရေးသား ဖော်ပြလာတာက "တော်လှန်ရေး၊ ကြေးဖြတ်ရောင်းရန်မရှိ" ဆိုတဲ့ ခေါင်းစဉ်နဲ့ -

(အကြင်အရပ်၌ ရောင်းဝယ်စုန်ဆန်ကူးသန်းရာပွဲရုံများသည် အတ္ထိရှိ၏၊ ပွဲညွန့် ပွဲခမျှော်သူအပေါင်းတို့ ထိုသို့ချီကာ အောက်မေးလှုပ်ကြပါကုန်။ တော်လှန်ရေးတွင် ကြေးဖြတ်ရောင်းရန် နတ္ထိမရှိ။) ဆိုပြီး ပညာသားပါပါ ရေးသားတုန့်ပြန်လာတာကို တွေ့ရပါတယ်။ သူ့ရဲ့ ရေးသားတုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်လှုပ်ရှားမှုကို တန်ကြေးမဖြတ်နိုင်ဘူးဆိုတဲ့ သဘောကို တွေ့ရပါတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သတ်ဖြတ်ပြီး ပြည်ပအထောက်အပံ့များစွာ ရှာနိုင်တယ်ဆိုတဲ့ သဘောကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်က လက်ဖျားခါလောက်အောင် နာမည်ကျော်ကြားတဲ့ ဘင်လာဒင်ဆိုတာ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေရဲ့ လူတစ်ယောက်ဆိုတာ အားလုံးသိကြပါတယ်။ ဘင်လာဒင် ကတော့ သူ့ရဲ့ ဘာသာရေးယုံကြည်ချက်နဲ့ သူ့လူမျိုးကို သူဒုက္ခမပေးပါဘူး။ သူ့ကို ကြိုးကိုင်ခဲ့တဲ့ အမေရိကန်ကို ပြန်ပြီး ဒုက္ခပေးခဲ့တယ်။ ၂၀၀၁ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှာ ဘင်လာဒင်ရဲ့ တပည့်တွေက လေယာဉ်ပျံနှစ်စီးကို စီးနင်းပြီး အမေရိကန်မှာ ရှိတဲ့ World Trade စင်တာကို ဝင်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ လူပေါင်း (၃၀၀၀)ကျော် သေဆုံးပြီး (၆၀၀၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အိုစမာ ဘင်လာဒင်ရဲ့ လုပ်ရပ်ကိုလည်း တစ်ကမ္ဘာလုံးက ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။

စီအိုင်အေရဲ့ သားတပည့်တစ်ဦးဖြစ်တဲ့ မင်းကိုနိုင်ကတော့ အိုစမာဘင်လာဒင်လို အမျိုးသားရေးစိတ်ဓာတ် မရှိဘူးလို့ ပြောရင်လည်း ရနိုင်ပါတယ်။ အမေရိကန်အစိုးရရဲ့ အထောက်အပံ့နဲ့ ရပ်တည်ခဲ့တဲ့ အိုစမာဘင်လာဒင်က အမေရိကန်ကို ပြန်ပြီး ဒုက္ခပေးခဲ့ပေမယ့် အမေရိကန်အစိုးရရဲ့ အထောက်အပံ့နဲ့ ရပ်တည်တဲ့ အမျိုးယုတ် မင်းကိုနိုင်ကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အမေရိကန်အစိုးရရဲ့ အလိုကျ အဆိုးဆုံးအခြအနေအထိ ရောက်အောင် ဒုက္ခပေးနေတာကို မြင်တွေ့ကြမှာ ဖြစ်ပါတယ်။ သူဟာ အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ အထောက်အပံ့နဲ့ ရပ်တည်ရှင်သန်ပြီး မြန်မာနိုင်ငံသား ရဟန်းရှင်လူ ပြည်သူများကို ပညာသားပါပါနဲ့ သတ်ဖြတ်နေတာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၇၆၀၀)ကျော် အထိ သေဆုံးခဲ့ရသည့်တိုင်အောင် အမေရိကန် ကျောထောက်နောက်ခံနဲ့ မီဒီယာများရဲ့ အကာအကွယ်ပေးမှုအရ အကြမ်းဖက်လှုံ့ဆော်သူအဖြစ် ဖော်ပြခြင်း မခံရသေးပါဘူး။

မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မှီခိုပြီး နိုင်ငံရေးလုပ်စားခဲ့ကြသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအိုင်ကွန်အဖြစ် ဖော်ပြခဲ့ကြဖူးပါတယ်။ ယနေ့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် (Terrorist Icon) ကို ပြပါဆိုရင်တော့ အကြမ်းဖက်လှုံ့ဆော်ရာမှာ သူမတူအောင် စွမ်းဆောင်နိုင်တဲ့ မင်းကိုနိုင်ရဲ့ မျက်နှာဟာ အကြမ်းဖက်လှုပ်ရှားမှုရဲ့ သင်္ကေတ (Terrorist Icon) အဖြစ် ဖော်ပြရမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက World Trade စင်တာကို တိုက်ခိုက်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ဘင်လာဒင်ကို ကမ္ဘာအနှံ့ မြေလှန်ရှာပြီး သုတ်သင်နိုင်ဖို့ ကြိုးပမ်းခဲ့ရာမှာ ပါကစ္စတန်နိုင်ငံအတွင်းမှာ ဖမ်းဆီးရမိပြီး သုတ်သင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရက အမေရိကန်အစိုးရကဲ့သို့ အကြမ်းဖက်အားပေး လုပ်ရပ်လည်း မလုပ်သလို အကြမ်းဖက်သမားများအပေါ်မှာလည်း အညှိုးအတေးအာဃာတကြီးစွာ ချေမှုန်းခဲ့တဲ့ သမိုင်းအစဉ်အလာ မရှိပါဘူး။ မင်းကိုနိုင် အပါအဝင် အကြမ်းဖက်လှုံ့ဆော်သူများ မြန်မာ့မြေပေါ်ကနေ ထွက်ခွါသွားနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မင်းကိုနိုင် ဟာ ယခုလက်ရှိ အမေရိကန် မှာ နေထိုင်ပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် လှုံ့ဆော်လျက်ရှိပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)