ရွှေတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ( ၂/ ၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ( ၂/ ၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊  ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထက ( ကြာနီကန်) ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ( ၂/ ၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်၊  သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကြား ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ 

     အဆိုပါ သင်တန်းကို ( ၁၂-၁၂-၂၀၂၃) မှ   (၁၅-၁၂-၂၀၂၃) ရက်နေ့ထိ ( ၄)  ရက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၊သင်တန်းသူ (၃၀) ဦး တက်ရောက်၍ သင်တန်းနည်းပြဆရာများမှ သက်ဆိုင်ရာ အလိုက် ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊အန္တရာယ်မျိုးစုံပါဝင်သော ဘေးအန္တရာယ် စီမံခန့်ခွဲမှုအစီအစဉ်၊ လူမှုစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျှော့ချခြင်းကိုထည့်သွင်းရေးဆွဲခြင်း၊ အရေးပေါ်ကာလပြည်သူ့ကျန်းမာရေး၊ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေခြင်း၊ကြိုတင်သတိပေးစနစ်ကိုခြုံငုံလေ့လာခြင်း၊ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး၊စခန်းစီမံခန့်ခွဲမှု၊မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်များအကြောင်း၊သဘာဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ဆန်းစစ်ချက်ဖြေဆိုခြင်းများကို စာတွေ့၊လက်တွေ့ပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)