ပွင့်ဖြူမြို့နယ်၌ တရားမဝင်စားသုံးဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ တရားမဝင်စားသုံးဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး



MNP ၊ ဒီဇငျဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စားသုံးဆီများ ဝယ်ယူစားသုံးရာ၌ အစားအစား ဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင်စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ဒီဇင်ဘာ ၅ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသန်းထိုက်အောင်နှင့အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာ ဈေးရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချနေသည့် အရောင်းဆိုင်များသို့ သွားရောက်ကာ လုပ်ငန်းရှင်များနှင် တွေ့ဆုံ၍ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ ဒေသခံပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် တရားမဝင်စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း မပြုရေး၊ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် အခြေအနေများကို အသိပေးဆွေးနွေးပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများအဖွဲ့က  စားသုံးဆီအရောင်းဆိုင်များတွင် ရောင်းချရန် ခွင့်ပြုထားခြင်းမရှိသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ယခုကဲ့သို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် တရားမဝင်ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ဈေးဆိုင်လုပ်ငန်းရှင်များနှင့် ဈေးသူဈေးသားများကို စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းထံမှ သိရသည်။ 


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)