တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

 




MNP ၊ ဒီဇင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။

 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ အင်းလျာကုန်း ကျေးရွာအုပ်စုအတွင်းရှိ ဆင်ကူးအနောက်ကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ လယ်ဒီကျေးရွာ၊ ဆင်ကူးအရှေ့ကျေးရွာနှင့် အင်းလျာကုန်းကျေးရွာတို့မှ တောင်သူ (၂၃၈)ဦး၏ ပန်းအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ချဉ်ပေါင်၊ မုံလာ၊ ဆလပ်၊ ကန်စွန်း၊ စားပြောင်း၊ ငရုတ်စသည့် ဟင်းသီးဟင်းရွက် (၁၃၅)ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဌာနဆိုင်ရာများ၊ တောင်သူများအား သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ စားဖိုဆောင်သီးနှံများ ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။ အဆိုပါ စိုက်ခင်းမှ ထွက်ရှိသည့် သီးနှံများအား ပုသိမ်၊ ဟင်္သာတမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အင်းလျားကုန်း-သံဒင်း-နတ်စင်ငူ-ဇရပ်လှလမ်း (၉မိုင်၂ဖာလုံ)မှ ၄.၄၇၄ ဖာလုံအား အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ထားသော ကာလအတွင်း ပြီးစီးစေရေးနှင့် လမ်းဘေးဝဲယာများ၊ လမ်းပုခုံးများ စနစ်တကျရှိစေရေး မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သပြေကွင်းစံပြကျေးရွာ ပွင့်သစ်စ သမအသင်း၏ နေကြာတစ်ဧကနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် တစ်ဧကအား စိုက်ပျိုးနေမှုများနှင့်  ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ သပြေကွင်းခေတ်မီစံပြကျေးရွာမှ တောင်သူများ စုပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သော ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံ (ပိုက်ဆံလျှော်)မျိုးစေ့ထုတ် (၁၀)ဧကနှင့် နေကြာတစ်ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်စွာ ဆောင်ရွက်စေရေး၊ နေကြာစိုက်ပျိုးမှုများ ဖြစ်ထွန်းအောင်မြင်စေရေးနှင့် စိုက်ပျိုးမြေများ ကျန်လပ်မှုမရှိစေရေးနှင့် သီးထပ်စွမ်းအားများ မြှင့်တင်စိုက်ပျိုးရန် မှာကြားခဲ့သည်။ ထို့နောက် သပြေကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးမှ ကျောင်း၏ လိုအပ်ချက်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်(ကံကလေး)-မုံရွာလမ်း မိုင်(ဝ/၀-၂၀/၃) အထိ (၂၀မိုင်၃)ဖာလုံ အတွင်းမိုင် (၁မိုင်၅ဖာလုံမှ မိုင်၇ဖာလုံ) အထိ ၂ဖာလုံ ၁၈ ပေ အကျယ်မှ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း၊ မိုင် (၁၀မိုင်ဝဖာလုံမှ ၁၀မိုင် ၂‌.၅ဖာလုံ)အထိ (၂.၅ဖာလုံ) ၁၈ ပေအကျယ်မှ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် မိုင် (၁၂မိုင် ၃ဖာလုံမှ ၁၂မိုင် ၅ဖာလုံ) အတွင်း (၁)ဖာလုံ လမ်းအနိမ့်အမြင့်ဖြေညှိခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ထားသော ကာလအတွင်း ပြီးစီးစေရေးနှင့် လမ်းဘေးဝဲယာများ၊ လမ်းပုခုံးများ စနစ်တကျရှိစေရေး မှာကြားခဲ့သည်။

လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)