မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲ‌ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲ‌ပေး


MNP ၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုရှိ မြို့နယ်လေးခုတို့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ယမန်နေ့မှစ၍ ‌ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အင်းစိန်မြို့နယ် ရပ်ကွက် ၁၀ ခုမှ ပြည်သူ ၄၅၁ ဦး၊ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်ခြောက်ခုမှ ပြည်သူ ၄၈၇ ဦး၊ သန်လျင် မြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၅ ခုမှ ပြည်သူ ၃၉၇ ဦးနှင့် ကျောက်တံတားမြို့နယ် ရပ်ကွက် လေးခုမှ ပြည်သူ ၃၄၇ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။

သို့ဖြစ်၍ ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ အင်းစိန်မြို့နယ်မှ မဲဆန္ဒရှင်ပြည်သူ ၈၅၂ ဦး၊ တောင်ဥက္ကလာပမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူ ၇၃၀၊ သန်လျင်မြို့နယ်မှ မဲဆန္ဒရှင်ပြည်သူ ၈၅၀ နှင့် ကျောက်တံတားမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူ ၇၀၂ ဦး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၃၁၃၄ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြ သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းအစီအစဉ်ကို ဒီဇင်ဘာ ၆ ရက်နှင့် ၈ ရက်တို့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)