MNP ၊ ဒီဇင်ဘာ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံကာ ယုံကြည်ချက်၊ ခံယူချက် ကောင်းမွန်သောဝန်ထမ်းများဖြစ်အောင် ကျင့်ကြံနေထိုင်၍ ဘဝတိုးတက်ရေးကြိုစားရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စေတနာထားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကျောက်ပန်းတောင်းမြို့နယ် ရွာလုကျေးရွာ၌ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) စီမံကိန်းဖြင့် ဝါးလက်မှုထည်များထုတ်လုပ်နေသည့် ရွာလုလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာ အဆင့်မြင့်ဝါးလက်မှုထည်များ ထုတ်လုပ်နိုင်ရေး သင်တန်းပို့ချရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးကြရန် မှာကြားကာ အသင်းသားအသင်းသူများ ရက်လုပ်ထားသည့် ဝါးလက်မှုထည်များကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပေးနေသော ဒေသထွက်သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး မှာကြားကာ သင်တန်းသား၊ သင်တန်းသူများ လက်တွေ့ထုတ်လုပ်ထားသော တန်ဖိုးမြှင့်ထုတ်ကုန်များကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ခွင့်ပြုရန်ပုံငွေဖြင့် မိတ္ထီလာ-မြင်းခြံကားလမ်းမှ ရေချိုဘူတာ-ရွာသာရွာသို့ ဆက်သွယ်သော လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ Art Gallery ပြခန်းဆောင် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းတက်ရောက်နေသော သင်တန်းသူများနှင့် တွေ့ဆုံကာ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ ပေါင်းကူးတက်ရောက်နိုင်ရေး ကြိုးစားသင်ယူကြရန်မှာကြားပြီး လက်ရက်ကန်း၊ စက်ရက်ကန်းများ လက်တွေ့ရက်လုပ်နေမှု၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်နှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment