တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် ဒီဇင်ဘာ အားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် ဒီဇင်ဘာ အားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

 





MNP ၊    ဒီဇင်ဘာ      ၁၆

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် မှုဖြင့် ယနေ့နံနက် (၅)နာရီခွဲအချိန်က တာမွေမြို့နယ်၏ ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ(တတိယပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/သူများနှင့်ဆရာ/ဆရာမ များ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများက တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းမကြီး တစ်လျှောက်မှ သမိန်ဗရမ်းလမ်း၊ ထိုမှတစ်ဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ထိုမှတစ်ဆင့် ကျိုက္ကဆံလမ်းမကြီး တစ် လျှောက် ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်းများကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သတင်းရှိပါသည်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)