MNP ၊ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်၁ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ရဲတပ်ဖွဲ့စိတ် (၃)၊ ဒိုက်ဦးမြို့မှ ဒုရဲအုပ် ဇော်မင်းထက်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မြမြသန်းက ဆီးချို၊ သွေးချိုနှင့် အတက်ရောဂါအကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ အချိုမှုန့်နှင့် ဆိုးဆေး အန္တရာယ်ရောဂါအကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမ ၁၀ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment